IT Focus Site လေးကိုအလည်လာတဲ့အတွက် ကြိုဆိုပါသည်။ကျနော်တင်ထားသောအကြောင်းအရာများသည် သင့်အတွက်အသုံးတည့်မယ်ဆိုရင်အခမဲ့ယူသွားနိုင်ပါတယ် Download Link များအဆင်မပြေတာရှိရင်လည်း commend မှာရေးခဲ့ပေးပါ။လိုချင်တာရှိရင်လည်း mail ပို့တောင်းဆိုနိုင်ပါသည်။

Thursday, January 24, 2019

Hard Disk ကောင်း မကောင်းစစ်ဆေးနည်း


ကျွန်တော်တို့သုံးနေတဲ့ computer တွေဟာ သုံးနေရင်းနဲ့ ဟန်းနေမယ်၊ နှေးကွေးနေမယ်၊ တခါတလေမှာ
restart ကျသွားမယ်စတဲ့ error တွေရှိနေမယ်ဆို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် ဒီလို error တွေဘာ
ကြောင့်ဖြစ်ရတာလဲဆိုရင် Motherboard, RAM, OS(Windows Operating System), virus စတဲ့ဖြစ်နိုင်
တာတွေအများကြီးရှိတဲ့အထဲမှာမှ အရင်ဆုံးငွေမကုန်တဲ့နည်းကိုစဉ်းစားရပါမယ် virus cleaning လုပ်ကြည့်မယ်၊ OS ကောင်မကောင်းစစ်ဆေးမယ်၊Hard Disk ကောင်းမကောင်းစစ်ဆေးမယ်၊အခုကျွန်တော်ပြော
မယ့်နည်းကတော့ Hard Disk ကောင်းမကောင်းကို Software သုံးပြီးစစ်ဆေးတဲ့နည်းဖြစ်ပါတယ်
လိုအပ်တဲ့ Software ကိုအောက်ဆုံးမှာ Download Link ပေးထားပါတယ် အသုံးပြုနည်းကတော့ပုံလေးတွေ
ကြည့်ပြီးလိုက်လုပ်နိုင်ပါတယ် Download ရလာတဲ့ .rar ဖိုင်ပေါ်မှာ Right click လုပ်ပြီး Extract Here  လုပ်ပါ အထဲမှာ HDDScan.exe ကို Double click လုပ်ပါ




အနီရောင်ဝိုင်းထားတဲ့ Bads ဆိုတဲ့နေရာမှာ 5 ဆိုရင် hard disk မှာ Bad Sectors တွေများနေတဲ့အတွက် hard disk ကိုမသုံးသင့်တော့ပါဘူး လဲသင့်နေပါပြီ တချို့ hard disk တွေမှာဆို 1000ကျော်၊ 10000 ကျော်အထိရှိနေပြီဆိုအပေါ်မှာပြောခဲ့တဲ့ error တွေဖြစ်တတ်ပါတယ် အရေးကြီးတဲ့ Data တွေကို Backup လုပ်ထားလိုက်ပါတော့ အားလုံးပဲ Data ဆုံးရှုံးခြင်းမှ ကင်းဝေးနိုင်ပါစေ



No comments:

Post a Comment